၂၀၂၃ ပညာသင်နှစ်အတွက် ဆေးဝါးတက္ကသိုလ်၊ရန်ကုန်၌ ဖွင့်လှစ်ပို့ချမည့် အောက်ဖော်ပြပါ ဆေးဝါးမဟာသပ္ပံဘွဲ့ (M.Pharm) သင်တန်းနှင့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (Ph.D) သင်တန်းများသို့ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူ နိုင်ငံ့ဝန်ထမ်းများ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
ဆေးဝါးမဟာသိပ္ပံဘွဲ့(M.Pharm)သင်တန်းများ
စဉ် |
သင်တန်းအမည် |
သင်တန်းကာလ |
၁။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးဝါးဘက်ဆိုင်ရာဓါတုဗေဒ)
M.Pharm. (Pharmaceutical Chemistry)
|
(၂) နှစ်
|
၂။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးဝါးဖော်စပ်ရေးဗေဒ)
M.Pharm. (Pharmaceutics)
|
(၂) နှစ်
|
၃။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ပရဆေးဗေဒ)
M.Pharm. (Pharmacognosy)
|
(၂) နှစ်
|
၄။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ)
M.Pharm. (Clinical Pharmacy)
|
(၃) နှစ်
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့(Ph.D)သင်တန်းများ
စဉ် |
သင်တန်းအမည် |
သင်တန်းကာလ |
၁။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးဝါးဘက်ဆိုင်ရာဓါတုဗေဒ)
Ph.D. (Pharmaceutical Chemistry)
|
(၃) နှစ်
|
၂။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးဝါးဖော်စပ်ရေးဗေဒ)
Ph.D. (Pharmaceutics)
|
(၃) နှစ်
|
၃။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ပရဆေးဗေဒ)
Ph.D. (Pharmacognosy)
|
(၃) နှစ်
|
၄။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ)
Ph.D. (Clinical Pharmacy)
|
(၃) နှစ်
|
လိုအပ်သောအရည်အချင်း
(က) ဆေးဝါးမဟာသိပ္ပံဘွဲ့(M.Pharm)သင်တန်း
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) ဆေးဝါးသိပ္ပံဘွဲ့ (B.Pharm) ရရှိပြီးသူဖြစ်ရမည်။
(၃) လုပ်ငန်းစတင်ဝင်ရောက်သည့်နေ့မှစ၍လျှောက်လွှာပိတ်သည့်ရက်အထိ ခွင့်ရက်မပါ အနည်းဆုံး လုပ်သက် (၁)နှစ် ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းဖြစ်ရမည်။
(၄) လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၄၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(၅) ဆေးဝါးမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် အနည်းဆုံး (၅)နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
(၆) သတ်မှတ်ထားသော သင်တန်းကာလကို အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရမည်။
(ခ) ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (Ph.D.) သင်တန်း
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) ဆေးဝါးမဟာသိပ္ပံဘွဲ့ (M.Pharm.) ရရှိပြီးသူဖြစ်ရမည်။
(၃) ဆေးဝါးမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် လျှောက်လွှာပိတ်သည့်ရက်အထိ အနည်းဆုံး လုပ်သက် (၂)နှစ်ရှိသူ နိုင်ငံ့ဝန်ထမ်း ဖြစ်ရမည်။
(၄) ပြည်ပ၌ မိမိအစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် ဘွဲ့လွန်ရရှိပြီးမှ တာဝန်ထမ်းဆောင်ပြီး ဆေးဝါးသိပ္ပံပါရဂူ သင်တန်းများသို့ လျှောက်ထားသူများသည် လျှောက်လွှာပိတ်သည့်ရက်တွင် လုပ်ငန်းစတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ရက်မပါ စုစုပေါင်းလုပ်သက် (၄) နှစ်ရှိသူ ဖြစ်ရမည်။
(၅) လျှောက်လွှာပိတ်သည့်ရက်တွင် အသက် (၅၂) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(၆) ပါရဂူဘွဲ့ရရှိပြီးနောက် အနည်းဆုံး(၅)နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။