စဉ် | သင်တန်းအမည် | သင်တန်းကာလ |
၁။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးဝါးဘက်ဆိုင်ရာဓါတုဗေဒ)
M.Pharm. (Pharmaceutical Chemistry)
|
(၂) နှစ်
|
၂။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးဝါးဖော်စပ်ရေးဗေဒ)
M.Pharm. (Pharmaceutics)
|
(၂) နှစ်
|
၃။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ပရဆေးဗေဒ)
M.Pharm. (Pharmacognosy)
|
(၂) နှစ်
|
၄။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ)
M.Pharm. (Clinical Pharmacy)
|
(၃) နှစ်
|
စဉ် | သင်တန်းအမည် | သင်တန်းကာလ |
၁။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးဝါးဘက်ဆိုင်ရာဓါတုဗေဒ)
Ph.D. (Pharmaceutical Chemistry)
|
(၃) နှစ်
|
၂။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးဝါးဖော်စပ်ရေးဗေဒ)
Ph.D. (Pharmaceutics)
|
(၃) နှစ်
|
၃။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ပရဆေးဗေဒ)
Ph.D. (Pharmacognosy)
|
(၃) နှစ်
|
၄။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ)
Ph.D. (Clinical Pharmacy)
|
(၃) နှစ်
|
ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၌ ဖွင့်လှစ်လျက်ရှိသော ပထမနှစ်ဆေးဝါးသိပ္ပံ (၁၂/၂၀၁၉) သင်တန်းကို (၁၈-၄-၂၀၂၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံနောက်ဆုံးရက်အား (၆-၅-၂၀၂၂) ရက်နေ့အထိ သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလာရောက်အပ်နှံနိုင်ခြင်းမရှိသည့် ကျောင်းသား/သူများအား ညှာတာထောက်ထားသောအားဖြင့် ကျောင်းအပ်လက်ခံနောက်ဆုံးရက်အား (၁၃-၅-၂၀၂၂) ရက်နေ့အထိ တိုးမြှင့်လက်ခံမည်ဖြစ်ကြောင်းနှင့် အဆိုပါတိုးမြှင့်လက်ခံပေးသည့် နေ့ရက်အထိ ကျောင်းလာရောက်အပ်နှံခြင်း မရှိသူများအား ဘွဲ့ကြိုသင်တန်း စည်းမျဉ်းစည်းကမ်းများအရ ကျတစ်ကျ (One-F) သတ်မှတ်၍ ပထမနှစ်ဆေးဝါးသိပ္ပံ (၅/၂၀၂၂) သင်တန်းသို့ ပြန်လည်တက်ရောက်ရမည် ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။
“ကြေညာချက်”
ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်တွင် တတိယနှစ်ဆေးဝါးသိပ္ပံ (၁/၂၀၂၀) သင်တန်းကို (၈-၂-၂၀၂၂) ရက်နေ့မှစ၍ သင်တန်းမှတ်ပုံတင် လျှောက်လွှာ တင်သွင်း၍ တက်ရောက်ရန် ကြေညာခဲ့ပြီးဖြစ်ပါသည်။
သို့ပါ၍ သင်တန်းမှတ်ပုံတင်ရန် ကျန်ရှိသော ကျောင်းသားကျောင်းသူများသည် (၁၈-၃-၂၀၂၂) ရက်နေ့ (သောကြာနေ့) နောက်ဆုံးထား၍ မပျက်မကွက် (မပျက်မကွက်) သတင်းပို့ မှတ်ပုံတင်လျှောက်လွှာတင်သွင်းရန် ထပ်မံအသိပေးကြေညာလိုက်သည်။
“ကြေညာချက်”
“ကြေညာချက်” ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်တွင် စတုတ္ထနှစ်၊ ဆေးဝါးသိပ္ပံ (၁/၂၀၂၀) (ပုံမှန်) သင်တန်းကို အောက်ဖော်ပြပါအတိုင်း ဖွင့်လှစ်ရန် ကြေညာလိုက်သည်။
၁။ သင်တန်းစတင်ဖွင့်လှစ်မည့်နေ့ရက် - ၁-၁၂-၂၀၂၁ (ဗုဒ္ဓဟူးနေ့)
၂။ ကျောင်းသား/သူများ တက္ကသိုလ်သို့ လာရောက်သတင်းပို့ရမည့်နေ့ရက် - ၁၅-၁၁-၂၀၂၁ (တနင်္လာနေ့)
မှ ၃၀-၁၁-၂၀၂၁ (အင်္ဂါနေ့) အထိ
မှတ်ချက်။ ။ COVID-19 ကာကွယ်ဆေး မထိုးနှံရသေးသူ ကျောင်းသား/သူများအားလုံးသည် ၂၆-၁၁-၂၀၂၁ (သောကြာနေ့) နောက်ဆုံးသတင်းပေးပို့ ဆက်သွယ်ရန်နှင့် ၃၀-၁၁-၂၀၂၁ (အင်္ဂါနေ့) တွင် COVID-19 RDT စစ်ဆေးမှုခံယူ၍ ကာကွယ်ဆေးထိုးနှံရမည် ဖြစ်သည်။