ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် ဆေးဝါးသိပ္ပံသင်တန်း အသီးသီး၏ ဒသမအကြိမ်မြောက် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက်နေ့များတွင် ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၏ အားကစားကွင်းသစ်၌ ကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများ၏ ဈေးရောင်းပွဲတော်များ၊ မြူးကြွလှပသော Performance များနှင့်အတူ နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် မိစန္ဒီ၊ အောင်ထက်၊ Paul Austin၊ Junior Creative Dance Crew၊ The Rings တို့၏ မေတ္တာဖြင့် သီဆိုဖျော်ဖြေမှုများ ပါဝင်ခဲ့သည်။ ထို့အပြင် မမိုးစက်ဝိုင် (Miss Universe Myanmar 2013) မှလည်း ကျောင်းသား/သူများနှင့် ပျော်ရွှင်ရင်းနှီးစွာ Game ကစား၍ မေတ္တာလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။