ဆေးဝါးတက္ကသိုလ်၊ ရန်ကုန် ပထမနှစ်ဆေးဝါးသိပ္ပံ (၁၁/၂၀၂၄) သင်တန်းသို့ တက်ရောက်ကြမည့် ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၊ စာသင်ခန်း (၆)၌ ၂၉-၁၁-၂၀၂၄ (သောကြာနေ့)၊ နံနက် (၁ဝးဝဝ) နာရီတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ ပထမနှစ်သင်တန်းသို့ တက်ရောက်ကြမည့် ကျောင်းသား/သူများအား Zoom ဖြင့် နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ဆေးတက္ကသိုလ် (၂)၏ ပါမောက္ခချုပ်နှင့် ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၏ ပါမောက္ခချုပ်(ပူးတွဲတာဝန်) ပါမောက္ခဒေါက်တာအေးအေးခင်ကလည်း ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၏ သမိုင်းကြောင်းနှင့် လက်ရှိဖွင့်လှစ်သင်ကြားလျှက်ရှိသော သင်တန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဒုတိယပါမောက္ခချုပ်နှင့်တကွ ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်တွင် သင်ကြားလျှက်ရှိသော ဘာသာရပ်များမှ သက်ဆိုင်ရာပါမောက္ခ၊ ဌာနမှူးများကလည်း မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။