၂၀၂၃ ပညာသင်နှစ်အတွက် ဆေးဝါးတက္ကသိုလ်၊ရန်ကုန်၌ ဖွင့်လှစ်ပို့ချမည့် အောက်ဖော်ပြပါ ဆေးဝါးမဟာသပ္ပံဘွဲ့ (M.Pharm) သင်တန်းနှင့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (Ph.D) သင်တန်းများသို့ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူ နိုင်ငံ့ဝန်ထမ်းများ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
ဆေးဝါးမဟာသိပ္ပံဘွဲ့(M.Pharm)သင်တန်းများ
စဉ် | သင်တန်းအမည် | သင်တန်းကာလ |
၁။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးဝါးဘက်ဆိုင်ရာဓါတုဗေဒ)
M.Pharm. (Pharmaceutical Chemistry)
|
(၂) နှစ်
|
၂။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးဝါးဖော်စပ်ရေးဗေဒ)
M.Pharm. (Pharmaceutics)
|
(၂) နှစ်
|
၃။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ပရဆေးဗေဒ)
M.Pharm. (Pharmacognosy)
|
(၂) နှစ်
|
၄။
|
ဆေးဝါးမဟာသိပ္ပံဘွဲ့ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ)
M.Pharm. (Clinical Pharmacy)
|
(၃) နှစ်
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့(Ph.D)သင်တန်းများ
စဉ် | သင်တန်းအမည် | သင်တန်းကာလ |
၁။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးဝါးဘက်ဆိုင်ရာဓါတုဗေဒ)
Ph.D. (Pharmaceutical Chemistry)
|
(၃) နှစ်
|
၂။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးဝါးဖော်စပ်ရေးဗေဒ)
Ph.D. (Pharmaceutics)
|
(၃) နှစ်
|
၃။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ပရဆေးဗေဒ)
Ph.D. (Pharmacognosy)
|
(၃) နှစ်
|
၄။
|
ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (ဆေးလက်တွေ့ဆေးဝါးသိပ္ပံ)
Ph.D. (Clinical Pharmacy)
|
(၃) နှစ်
|
လိုအပ်သောအရည်အချင်း
(က) ဆေးဝါးမဟာသိပ္ပံဘွဲ့(M.Pharm)သင်တန်း
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) ဆေးဝါးသိပ္ပံဘွဲ့ (B.Pharm) ရရှိပြီးသူဖြစ်ရမည်။
(၃) လုပ်ငန်းစတင်ဝင်ရောက်သည့်နေ့မှစ၍လျှောက်လွှာပိတ်သည့်ရက်အထိ ခွင့်ရက်မပါ အနည်းဆုံး လုပ်သက် (၁)နှစ် ပြည့်ပြီးသူ နိုင်ငံ့ဝန်ထမ်းဖြစ်ရမည်။
(၄) လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၄၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(၅) ဆေးဝါးမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် အနည်းဆုံး (၅)နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
(၆) သတ်မှတ်ထားသော သင်တန်းကာလကို အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရမည်။
(ခ) ဆေးဝါးသိပ္ပံပါရဂူဘွဲ့ (Ph.D.) သင်တန်း
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) ဆေးဝါးမဟာသိပ္ပံဘွဲ့ (M.Pharm.) ရရှိပြီးသူဖြစ်ရမည်။
(၃) ဆေးဝါးမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် လျှောက်လွှာပိတ်သည့်ရက်အထိ အနည်းဆုံး လုပ်သက် (၂)နှစ်ရှိသူ နိုင်ငံ့ဝန်ထမ်း ဖြစ်ရမည်။
(၄) ပြည်ပ၌ မိမိအစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် ဘွဲ့လွန်ရရှိပြီးမှ တာဝန်ထမ်းဆောင်ပြီး ဆေးဝါးသိပ္ပံပါရဂူ သင်တန်းများသို့ လျှောက်ထားသူများသည် လျှောက်လွှာပိတ်သည့်ရက်တွင် လုပ်ငန်းစတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ရက်မပါ စုစုပေါင်းလုပ်သက် (၄) နှစ်ရှိသူ ဖြစ်ရမည်။
(၅) လျှောက်လွှာပိတ်သည့်ရက်တွင် အသက် (၅၂) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(၆) ပါရဂူဘွဲ့ရရှိပြီးနောက် အနည်းဆုံး(၅)နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
လျှောက်လွှာတွင် အောက်ပါအချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရမည်။
(က) အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လက်ရှိရာထူး/ဌာန၊ အမြဲတမ်းလိပ်စာနှင့် ဖုန်းနံပါတ်၊ ဆက်သွယ်ရန် လိပ်စာနှင့်ဖုန်းနံပါတ်၊
(ခ) အဘအမည်၊
(ဂ) နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်ထမ်းဆောင်သည့် နေ့ရက်/လ/ခုနှစ်နှင့် အမှုထမ်းသက်၊
(ဃ) အသက်နှင့်မွေးသက္ကရာဇ်၊ (အသက်ထောက်ခံစာတင်ပြရမည်။)
(င) ပညာအရည်အချင်း၊
(စ) တက်ရောက်လိုသည့်သင်တန်း၊ (အတိအကျဖော်ပြရန်)
(ဆ) အမှုထမ်းသက် မှတ်တမ်းအပြည့်အစုံ၊
(ဇ) ပြည်တွင်း/ပြည်ပသင်တန်းတစ်ခုခုသို့ တက်ရောက်ခွင့် လျှောက်ထားခြင်း (သို့မဟုတ်) ဝင်ခွင့်စာမေးပွဲ ဖြေဆိုထားခြင်း ရှိ/မရှိဖော်ပြရန်၊
လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-
(က) လျှောက်လွှာတွင်ဖော်ပြထားရှိသည့် အချက်အလက်များသည် မှန်ကန်မှုရှိပါကြောင်း ကိုယ်တိုင် လက်မှတ်ရေးထိုး ထားသော ခံဝန်ချက်၊
(ခ) ဘွဲ့လက်မှတ်မိတ္တူများ၊
(ဂ) ဆေးဝါးသိပ္ပံသင်တန်းနှင့် ဆေးဝါးမဟာသိပ္ပံသင်တန်း အမှတ်စာရင်း (Grading Certificate) မိတ္တူများ
(ဃ) ဓါတ်ပုံ(၃)ပုံ (လိုင်စင်ဓါတ်ပုံ) (လွန်ခဲ့သော ၆လအတွင်း ရိုက်ကူးသည့်ပုံ ဖြစ်ရမည်။)
(င) အသက်ထောက်ခံစာ(သို့မဟုတ်)တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊
(စ) ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၏ မြောက်ဥက္ကလာပမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ငွေစာရင်းအမှတ် (MD-010318)သို့ ဆေးဝါးမဟာသိပ္ပံသင်တန်း (သို့) ဆေးဝါးသိပ္ပံပါရဂူဘွဲ့သင်တန်း ဝင်ခွင့်စာမေးပွဲကြေး ၁၀၀ဝိ/- (ကျပ်တစ်ထောင်တိတိ)ကို ပေးသွင်းထားသည့် ချလံမူရင်း (၁)စောင် ပူးတွဲတင်ပြရမည်။
(မှတ်ချက်။ ။ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများမှတစ်ဆင့် မြောက်ဥက္ကလာပ မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်၏ ငွေစာရင်းအမှတ် (MD-010318) သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးသွင်းနိုင်ပါသည်။)
လျှောက်လွှာပိတ်ရက်မှာ (၁၉-၈-၂၀၂၂) ရက် (သောကြာနေ့) (ညနေ ၄:၃၀) ဖြစ်ပါသည်။ သင်တန်းဝင်ခွင့်အတွက် ရေးဖြေ၊ လူတွေ့နှုတ်မေးစာမေးပွဲများဖြင့် စစ်ဆေးရွေးချယ်ပါမည်။ ဘွဲ့လွန်ဆေးပညာ သင်တန်းဝင်ခွင့်တွင် အင်္ဂလိပ်စာဘာသာရပ်ကို ထည့်သွင်းစစ်ဆေးခြင်း မပြုသော်လည်း သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း တစ်နှစ်လျှင် နှစ်ကြိမ်စစ်ဆေးမည့် အင်္ဂလိပ်စာဘာသာရပ်ကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲ (၂)နာရီ မေးခွန်းကို ဖြေဆိုရမည်။ အင်္ဂလိပ်စာဘာသာရပ် အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ကြောင်း တင်ပြနိုင်မှသာ ဘွဲ့ရအောင်စာရင်းကို ထုတ်ပေးမည်။
ဝင်ခွင့်ရေးဖြေ စာမေးပွဲစစ်ဆေးမည့်ရက်မှာ
(က) ဆေးဝါးသိပ္ပံပါရဂူဘွဲ့သင်တန်း (၂၉-၉-၂၀၂၂)
(ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု) (Essay Type) (၃နာရီ မေးခွန်းလွှာ)
(ခ) ဆေးဝါးမဟာသိပ္ပံသင်တန်း (၃၀-၉-၂၀၂၂)
(ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု) (MCQ) (၂နာရီ မေးခွန်းလွှာ)
သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီးမှ သင်တန်းတက်ရောက်ရန် ပျက်ကွက်လျှင် နောင်ပညာသင်နှစ် (၂) နှစ် ပြည်တွင်း/ပြည်ပ ဘွဲ့လွန်သင်တန်းများသို့ လျှောက်ထားခွင့် မရှိပါ။
သင်တန်းတက်ရောက်ရန်ရွေးချယ်ခံရပြီး၊ တက်ခွင့်ရစာရင်းထုတ်ပြန်ပြီးမှ သင်တန်းကို မတက်ရောက်လျှင်ဖြစ်စေ၊ (မှတ်ပုံတင်ခြင်းပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) သင်တန်းကို ပြီးဆုံးအောင် မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်း အောင်မြင်ပြီးနောက် သတ်မှတ် ထားသည့်ကာလအတိုင်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်လျှင်ဖြစ်စေ သတ်မှတ်ထားသော လျော်ကြေးငွေကို ပေးလျော်ရမည်။